ကိုဗစ် ၁၉ ကပ်ရောဂါ ကမ္ဘာပေါ်မှာ လျော့ပါးလာပေမယ့် မြန်မာနိုင်ငံကတော့ ဒေါ်လာငွေ ပြတ်လတ်မှုတိုက်ပွဲကို ဆင်နွဲနေရဆဲ ဖြစ်ပါတယ်၊ လက်ရှိမြန်မာ့စီးပွားရေးမှာ ကိုဗစ်နဲ့ အာဏာသိမ်းနိုင်ငံရေး အခြေအနေတွေရဲ့ စိန်ခေါ်မှုတွေက သက်ရောက်နေပါတယ်၊
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ လျော့နည်းလာပြီး မြန်မာကျပ်ငွေ တန်ဘိုးကျလာတာနဲ့အမျှ လူလတ်တန်းစားတွေဟာ ကမ္ဘာ့ဆင်းရဲမှုစံနှုန်းအောက်ကို ရောက်လာကြပါတယ်၊ ဒါတင်မကပဲ အစိုးရရဲ့ US ဒေါ်လာကို ပြောင်းလဲမှုကို ကန့်သတ်တာ၊ ဒေါ်လာ မှောင်ခိုစျေးကွက် ပေါ်ပေါက်လာတာတွေဟာ လူအများစုအဖို့ ဝင်ငွေအကုန်သက်သာဖို့ နည်းလမ်းတွေကို ရှာဖွေဖို့ အရင်ကထက်ပိုအရေးကြီးလာပါတယ်
တကယ်တော့ အခုလိုအခြေအနေမျိုးတွေမှာလည်း ငွေကြေးစုဆောင်းဖို့ နည်းတွေရှိပါသေးတယ်
ဒီဆောင်းပါးမှာတော့ လူလတ်တန်းစားတွေ ငွေကြေးကို ဘယ်လိုချွေတာစုဆောင်းနိုင်လဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်
ကဲ စလိုက်ကြရအောင်
မြန်မာကျပ်ငွေ တန်ဘိုးလျော့ကျနေတဲ့ကြားက ငွေကြေးစုဆောင်းနည်း
ခရစ်တိုငွေကြေးများ
ခရစ်တိုငွေကြေးတွေဟာ စွန့်စားမှုတချို့ရှိပေမယ့် မြန်မာကျပ်ငွေ တန်ဘိုးလျော့နေပေမယ့်လည်း အလေအလွင့်သက်သာအောင် စုဆောင်းလို့ရတဲ့ နည်းလမ်းတွေပါပဲ၊ Blockchain နည်းပညာတွေရဲ့ ကျေးဇူးနဲ့ ဒီ Digital ရတနာသိုက်တွေဟာ ကျွန်တော်တို့ လက်ဝယ်မှာရှိနေပါတယ်၊ မြန်မာပြည်မှု စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ဘဏ်စနစ်ကို လူတွေ အယုံအကြည်နည်းလာကြပါတယ်၊ အဲ့ဒါကြောင့်လည်း လူတွေဟာ ခရစ်တိုငွေကြေးဘက်ကို တဖက်လှည့်လာကြပါတယ်၊ ခရစ်တိုကို တရားဝင်ငွေကြေးအဖြစ် လက်ခံလာဖို့အတွက် တိုက်ပွဲကလည်း အတော် ခရီးပေါက်လာပါပြီ
ပြောခဲ့သလိုပဲ ပထမဆုံးအနေနဲ့ ခရစ်တိုငွေကြေးရဲ့ အားသာချက် အားနည်းချက်တွေကို သိထားဖို့ လိုပါတယ်
အားသာချက်များ –
- နိုင်ငံစီးပွားရေး မတည်ငြိမ်မှုနဲ့အတူ လူတွေဟာ ဘဏ်တွေနဲ့ ဗဟိုထိန်းချုပ်မှု စနစ်တွေကို သတိထားလာကြပါတယ်၊ ခရစ်တိုငွေကြေးကတော့ မည်သူမှ ထိန်းချုပ်မှုမရှိဘဲ ကြားခံမရှိဘဲ ငွေလွဲပြောင်းမှုတွေ လုပ်နိုင်ပါတယ်
- ငွေပေးခြေမှုတွေဟာ လုံခြုံပြီးတော့ ကိုယ်တိုင်ထိန်းချုပ်မှုအစွမ်းကို ပေးပါတယ်
- အွန်လိုင်းကနေ ငွေပေးငွေယူအတွက် ခရစ်တိုငွေဟာ စျေးပိုသက်သာပါတယ်
- ခရစ်တိုငွေနဲ့ ငွေလွဲချိန်ဟာ မိနစ်ပိုင်းပဲ ကြာလေ့ရှိပါတယ်
အားနည်းချက်များ –
- ငွေကြေးတန်ဘိုး အတက်အကျများတဲ့ အတွက် ရင်းနှီးမြုပ်နှံချင်သူတွေသတိထားကြတယ်
- တခါတလေ လိုင်းကျတဲ့အခါမှာ ငွေလွှဲခြင်းဟာ အချိန်ကြာတတ်တယ်
- ကိုယ့်ရဲ့ External Wallet ရဲ့ password ဒါမှမဟုတ် private key ပျောက်ဆုံးနိုင်တယ်
ဘယ်လိုပဲ ဖြစ်ပါစေ၊ ဒီကိစ္စရပ် အသေးလေးတွေဟာ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေနဲ့ ယှဉ်မယ်ဆိုရင် ခရစ်တိုငွေဟာ ငွေကြေးပြသနာရဲ့ တင်းမာမှုကို လျှော့ချနိုင်တဲ့ ထွက်ပေါက်တစ်ခုပဲဖြစ်ပါတယ်
ခရစ်တိုငွေကြေးတွေမှာ ရင်းနှီးမြုပ်နှံချင်ပါသလား? Bitcoin ကို မြန်မာပြည်မှာ ဘယ်လိုဝယ်မလဲ ဆိုတဲ့ ဆောင်းပါးကို ဖတ်ကြည့်ပါ
တန်ဘိုးရှိတဲ့ သတ္တု (ရွှေ၊ ငွေ)
အခုလို မိုးပြိုအများဖြစ်နေတဲ့ ကာလမှာ ငွေကြေးစျေးကွက်တွေဟာလည်း ပြိုလဲနေပါတယ်၊ ဒီလိုအချိန်မှာ ရွှေ၊ ငွေ နဲ့ တခြားတန်ဘိုးရှိတဲ့ ပလက်တီနမ်တို့ ကြေးနီတို့လို တန်ဘိုးတည်ငြိမ်တဲ့ အရာတွေကို ဦးစားပေးလာကြပါတယ်
လက်ရှိ အခြေအနေအပေါ် အကောင်းမြင်စိတ်နဲ့ ထားမယ်ဆိုရင်တော့ အရင်ခေတ်တွေမှာလို ပစ္စည်းချင်းလဲလှယ်တဲ့ ခေတ်မှာတောင် တန်ဘိုးရှိတဲ့ ပစ္စည်းတစ်မျိုးမျိုးကို ဆောင်ထားတာဟာ မမှားပါဘူး၊ ကျောက်သံ၊ ပတ္တမြားလို တန်ဘိုးကြီးပစ္စည်းတွေဟာ မသေခြာတဲ့အချိန်အခါမျိုးမှာ အချိန်မရွေး မြန်မာပြည်မှာ ရောင်းချနိုင်တဲ့ ကျောက်မျက်တွေပါပဲ။
ဒီလိုအချိန်မှာ ကျောက်မျက်တွေ ဝယ်မယ်ဆိုရင်တော့ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မှာရှိတဲ့ Myanmar Gems Museum မှာ ဝယ်ယူလို့ရပါတယ်, ဒီ ရတနာတိုက်မှာဆိုရင် တစ်နှစ်တစ်ကြိမ် Myanmar Gems Emporium ဆိုတဲ့ ကျောက်မျက်ရတနာ ပြပွဲကို ကမ္ဘာတဝှမ်းက ကုန်သည်တွေ လာတက်ရောက်ကြပါတယ်။
နောက်ထပ် ကျောက်မျက်ဝယ်ယူနိုင်တဲ့ နေရာတစ်ခုကတော့ Mandalay Yatanar Mall မှာ ကျင်းပလေ့ရှိတဲ့ International Gems and Jewelry Fair ဖြစ်ပါတယ်၊ ဒီပြပွဲမှာ မြန်မာ့ နာမည်ကြီး ကျောက်မျက်တွေဖြစ်တဲ့ ပုလဲ၊ ပတ္တမြား၊ ကျောက်စိမ်း၊ နီလာ၊ ပယင်းတွေအပြင် တခြား တန်ဘိုးကြီး ကျောက်မျက်တွေကို ရရှိနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ရွှေအနည်းငယ် ဝယ်ယူချင်ရင်တော့ ပုဘဲတန်းမြို့နယ် ရန်ကုန်မြို့ရဲ့ ဗိုလ်ချုပ်စျေး (စကော့စျေး) မှာရှိတဲ့ ရွှေဆိုင်တွေမှာ ကျပ်ငွေနဲ့ ရွှေကိုဝယ်ယူနိုင်ပါတယ်
အိမ်ခြံမြေ
စီးပွားရေးနှေးကွေးမှုနဲ့ စီးပွားရေးကျဆင်းတဲ့ကာလတွေမှာ ဘဏ်တွေနဲ့ စတော့ရှယ်ယာတွေ ကျရှုံးတဲ့အခါ၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဟာ ကောင်းသောရွေးချယ်မှုဖြစ်နိုင်ပါတယ်, တကယ်လို့ သင်ဟာ မြေကွက်တစ်ကွက်ကို ပိုင်ဆိုင်ထားပြီးဖြစ်ရင်တော့ အဲ့ဒါကို ပြုပြင်ပြီး အဆက်မပြတ် ၀င်ငွေရရှိဖို့ ပုံသေနှုန်းတစ်ခုနဲ့ ငှားရမ်းသင့်ပါတယ်
ပဲခူးမြစ်ကမ်းပေါ်မှာ Star City ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဆွဲဆောင်မှုအရှိဆုံး အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှုပြုလုပ်နိုင်တဲ့ နေရာတစ်ခုပါပဲ၊ ဒီအိမ်ခြံမြေစီမံကိန်းဟာ သံလျင်မှာရှိပြီး ပဲခူးမြစ်ကမ်းကို ဖြတ်ပြီးရန်ကုန်ကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုရှိပါတယ်၊
လူအတော်များများမှာ ဒွိဟတွေ ရှိနေပေမယ့်လည်း အိမ်ခြံမြေဟာ ရေရှည်မှာ အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုပါပဲ၊ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေနိုင်တဲ့ အချက်အလက် တချို့လည်း ရှိနေပါတယ်၊
ယွမ်ဒါမှမဟုတ် ရူဘယ်လိုငွေကြေး
အခုလို အရေးကြီးတဲ့ အချိန်တွေမှာ US ဒေါ်လာ လွမ်းမိုးမှုကို ကြုံနေရတဲ့အခါမှာ လူတွေဟာ တခြားငွေကြေးတွေဖြစ်တဲ့ ယွမ်ငွေ၊ ရူဘယ်ငွေတွေဘက်ကို လှည့်နိုင်ပါတယ်၊ တကယ်တော့ မြန်မာနိုင်ငံမှာ ယွမ်ငွေကို နယ်စပ်တရားဝင်ကုန်သွယ်ငွေ အဖြစ်တောင် အသိအမှတ်ပြုခဲ့ပါသေးတယ်၊ ဒီနည်းတွေ သုံးပြီးတော့လည်း ငွေကြေးလေလွှင့်မှုကို ချွေတာနိုင်ပါတယ်
လယ်ယာလုပ်ကိုင်ခြင်း
မြန်မာနိုင်ငံရဲ့ GDP အများစုက စိုက်ပျိုးရေးကနေ ရရှိနေတာပါ၊ မြန်မာနိုင်ငံသား အများစုကလည်း စိုက်ပျိုးမြေ အနည်းနဲ့ အများရှိနေကြဆဲပါပဲ၊ အခုအချိန်မှာ စိုက်ပျိုးမြေတစ်ခုရှိနေခြင်းကလည်း အားသာချက်ပါပဲ၊ စားဖို့ဖြစ်ဖြစ် ရောင်းဖို့ဖြစ်ဖြစ် စိုက်ပျိုးထားနိုင်မယ်ဆိုရင် တဖက်တလမ်းက ဝင်ငွေရရှိစေမှာပါ
နိဂုန်းချုပ်အနေနဲ့
မြန်မာပြည်ဟာ အင်မတန် ကြမ်းတမ်းတဲ့ အခြေအနေတစ်ခုကို ဖြတ်ကျော်နေရပါတယ်၊ အထက်မှာ ပြောခဲ့တဲ့ နည်းတွေကိုသုံးပြီး သာမာန်လူတစ်ဦးအနေနဲ့ ကျပ်ငွေတန်ဘိုးကျဆင်းမှုကြောင့် ဖြစ်လာမယ့် ဝင်ငွေအလေအလွင့် ကို လျှော့ချနိုင်မှာဖြစ်ပါတယ်