ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ က VPN ဘယ်လိုကျော်မလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ VPN ကျော်ပြီး ကမ္ဘာပတ်ရင်း သီချင်းနားထောင်ကြရအောင်။
သီချင်းချစ်သူတွေအတွက် အချိန်နဲ့ တပြေးညီနားထောင်လို့ရတဲ့ ဆွီဒင်နိုင်ငံထုတ် ကမ္ဘာ့ထိပ်တန်း app တစ်ခုအကြောင်း ကိုပြောပြပေးချင်ပါတယ် ။ လက်ရှိ အသုံးပြုသူပေါင်း သန်း ၁၀၀ ကျော်ထိ ရှိနေတဲ့ application တစ်ခုဖြစ်ရုံသာမက သီချင်းပုဒ်ရေပေါင်း သန်း ၃၀ ကျော် အထိရှိပါတယ်။
နောက်ထပ် Spotify ရဲ့အားသာချက်ကတော့ ကွန်ပျုတာမှာပဲဖြစ်ဖြစ် ဖုန်းမှာပဲဖြစ်ဖြစ် သုံးလို့ရပါတယ်။
အကောင့်ဖွင့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံ မှာ လက်တလော ဖွင့်လို့မရသေးပါဘူး အဲ့ဒါကြောင့် ထုံးစံအတိုင်း VPN ကျော်ပြီးဖွင့်မှရမှာပါ ။
Spotify ကို Windows Laptop မှ အကောင့်ဖွင့်နည်း
www.spotify.com ကိုဝင်လိုက်ပြီဆိုတာနဲ့ Spotify is not available in Myanmar ဆိုတဲ့ စာသားက စောင့်နေတော့မှာပဲဖြစ်ပါတယ်။
အဲ့တော့ဟိုတစ်နေ့တုန်းက ကျွန်တော်ပြောသလိုပဲ VPN ကျော်ရပါမယ် ။ ဒါပေမယ့် VPN မကျော်ခင် spotify သုံးလို့ရတဲ့နိုင်ငံတွေကို ဒီနေရာမှာ ကြည့်လို့ရပါတယ် ခင်ဗျာ။
VPN software ကို စပြီးအသုံးပြုလိုက်ပြီဆိုတာနဲ့ Google ကကျွန်တော်တို့ ရှိနေတဲ့ နိုင်ငံအမှန်ကို မသိရတော့ပါဘူး။ ဒါ့အပြင် VPN ကို ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ ဖွင့်လို့ပိတ်လို့ရပြီး အချိန်တိုင်းဖွင့်ထားစရာလည်း မလိုပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ မရနိုင်တဲ့ application တွေကို download လုပ်မယ်ဆိုမှသာ ဖွင့်ထားရုံပါပဲ ။
ဒီအောက်က software ၂ ခုက ကျွန်တော်သုံးလေ့ရှိတဲ့ စိတ်ချရတဲ့ VPN software တွေပါ။
TunnelBear ဆိုတဲ့ Canada က VPN software application အကြောင်းကို အရင်ဆုံးပြောပြချင်ပါတယ်။ ဒီ software ကိုသုံမယ်ဆိုရင်တော့ တနေ့ကို 500MB လောက် VPN ကျော်ပြီးသုံးလို့ရပါတယ်။ ပြောရမယ်ဆိုရင် 500 MB ဆိုတာ သီချင်းတွေ download လုပ်ဖို့အတွက်တော့ တော်တော်ကြီးကို လုံလောက်နေပါပြီ။
နောက်တစ်ခုကတော့ Windscribe VPN Software ပါ။ သုံးရတာလွယ်ကူပြီး တစ်လကို 10GB အထိ ဝန်ဆောင်ခပေးစရာမလိုဘဲ သုံးလို့ရပါတယ်။
တကယ်လို့ Windscribe ကိုသုံးမယ်ဆိုရင်တော့ Windscribe software ကို Play Store ကနေ download လုပ်ပြီး install လုပ်ပါ။
ပြီးရင် အကောင့်ဖွင့်ပါ။ အဲ့ဒါပြီးရင်တော့ ပုံကအတိုင်း သင့်တော်တဲ့နိုင်ငံ ကိုရွေးလို့ရပါပြီ ။ (ဥပမာ – United States)
နောက်တစ်ဆင့် အနေနဲ့ ကြိုက်နှစ်သက်ရာ Brower တစ်ခုကိုဖွင့်ပါ ။
www.spotify.com ကိုရှာပါ။
ကဲ အခုဆိုရင်တော့ “Get Spotify Free” ဆိုတာလေးနှိပ်ပြီး email address ထည့်ပြီး
Sign-up လုပ်လို့ရပါပြီ။
ကွန်ပျုတာမှာဆိုရင်တော့ register ကိုနှိပ်လိုက်တာနဲ့ Spotify ကို အလိုအလျောက် download လုပ်ပေးမှာပါခင်ဗျာ။
Spotify ကိုဝင်လိုက်ပြီဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာအဆိုတော်တွေ သီချင်းအမျိုးစားတွေကိုရွေးချယ်ရပါမယ်။ အဲ့ဒီ့အဆင့်တွေပြီးရင်တော့ ကျွန်တော်တို့ Spotify ကနေ ကမ္ဘာကျော်ပြီး မြန်မာနိုင်ငံမှာမရနိုင်သေးတဲ့ သီချင်းတွေကို ပျော်ျေပျာ်ကြီးနားထောင်လို့ရပါပြီ။
Smartphone ကနေ Spotify အကောင့်ဖွင့်နည်း
ပထမဆုံး Wind Scribe application ကို VPN ကျော်ဖို့ download လုပ်ရပါမယ်။
ပြီးရင် အကောင့်ဖွင့်ပြီး ပုံကအတိုင်းနိုင်ငံရွေးပါ။
VPN Software ကိုသုံးလိုက်ပြီဆိုတာနဲ့ Spotify က ကျွန်တော်တို့ ရွေးထားတဲ့နိုင်ငံကို ကျွန်တော်ရောက်နေတဲ့ နိုင်ငံလို့ထင်သွားမှာပဲဖြစ်ပါတယ်။
VPN ကျော်ပြီးပြီဆိုရင်တော့ Browser ကနေ spotify.com ကိုဝင် ၊ ပြီးရင် Spotify Application ကို download လုပ်ပါ။
အဲ့ဒါပြီးရင်တော့ Spotify account ဖွင့်ပါ။ ဒါပေမယ့် VPN ကို တော့ account ဖွင့်ပြီးတဲ့အထိ မပိတ်သင့်ပါဘူးခင်ဗျာ။
အခုအဆင့်တွေပြီးရင်တော့ ကမ္ဘာကျော်သီချင်းတွေကို ပျော်ပျော်ကြီးနားထောင်လို့ရပါပြီ ခင်ဗျာ။
တစ်ခုသတိထားရမှာက Windscribe ကို သီချင်းနားထောင်နေတဲ့အချိန်မှာတော့ ဖွင့်ထားစရာမလိုပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ မရနိုင်တဲ့ application တွေ၊ သီချင်းတွေကို download လုပ်မယ်ဆိုမှသာ ဖွင့်ထားရုံပါပဲ ။
ပြီးတော့ မကြာခဏဆိုသလို Spotify က log in ပြန်ဝင်ရတတ်လေ့ရှိပါတယ်။ အဲ့ဒီအခါကျရင်လည်း Winscribe ကိုပြန်ဝင်လိုက်ရင်ရပါပြီ။ ( Spotify ကိုမဖွင့်ခင် ရွေးခဲ့တဲ့ နိုင်ငံကိုပြန်ထည့်ရပါမယ် ခင်ဗျာ။ တကယ်လို့ နိုင်ငံမှားရွေးလိုက်ရင်တော့ တစ်ပတ်ကျော်ကျော်လောက်သုံးလို့မရတော့ပါဘူး ပြန်ရဖို့လည်းမသေချာပါဘူး )