မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ဘယ်လို အလုပ်အကိုင် လွယ်လွယ်ရှာဖွေကြမလဲ

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ဘယ်လို အလုပ်အကိုင် လွယ်လွယ်ရှာဖွေကြမလဲ

Share:

ဒီခေတ်မှာက လူတွေဟာ အချိန်ရှားသထက် ရှားလာပါတယ်။ ပြီးတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေအလိုက် စရိတ်စကကလည်း ချွေတာရသေးတယ်လေ။ ဒါကြောင့် အလုပ်အကိုင် ရှာကြတော့မယ်ဆိုရင် ဟိုအရင်တုန်းကလို အိမ်မှာ ဒါမှမဟုတ် မိတ္တူဆိုင်တစ်ခုခုမှာ CV Form ကို စာစီစာရိုက်လုပ်၊ ပြီးရင် အလုပ်ကြော်ငြာမှာပါတဲ့ အလုပ်တစ်ခုချင်းစီကို လိုက်တင်နေရတဲ့ နည်းလမ်းက အချိန်လည်းကုန် လူလည်း ပင်ပန်းလှပါတယ်။ နောက်ပိုင်း အလုပ်တွေကလည်း ဒီလို ရုံးကို ကိုယ်တိုင်လာတင်ထာထက် Email နဲ့ ပို့တာမျိုး၊ Viber ကနေ ပို့တာမျိုးကို လက်ခံလာကြတဲ့အတွက် အရင်လို ရိုးရိုးကြီး လမ်းစဉ်ကို ကျင့်သုံးနေရင်တော့ ခေတ်နောက်ကျန်ခဲ့မှာပါပဲ။ဒီလို ပြောလို့ အလုပ်တွေကို တစ်ရုံးတက် တစ်ရုံးဆင်း လျှောက်တဲ့သူတွေ မရှိမဟုတ် ရှိပါသေးတယ်။ ဒီလိုမျိုး လူပင်ပန်းခံနေမယ့် အစား Online job search engines မှာ ခဏလေးအချိန်ပေးရုံနဲ့ အလုပ်တွေ လွယ်လွယ်ကူကူ လျှောက်နိုင်အောင် အလုပ်လျှောက်လို့ ရတဲ့နေရာတွေ စုပြီး ဖော်ပြပေးလိုက်တာလည်း ဖြစ်ပါတယ်။

Myanmar Online Job Search Engines

MyWorld

ပထမဆုံးတစ်ခုကတော့ Online Top Search Engine Website ဆိုရင် MyWorld ပါပဲ၊ Myanmar’s Best Recruitment Agency လို့ ကြော်ငြာထားပါတယ်။ Website ကနေ အလုပ်လျှောက်လို့ ရမှာ ဖြစ်ပြီး MyWorld Careers ဆိုတဲ့ Facebook Page နဲ့ MyWorld Careers Co., Ltd ဆိုပြီး Linkedin မှာလည်း အလုပ်ခေါ်စာတွေနဲ့ Career Tips လို Content တွေ တင်ပေးထားပါတယ်။ Link တွေအားလုံးကို စာပေါ်နှိပ်ပြီး သွားကြည့်လို့ ရပါတယ်။

Website အနေနဲ့ဆိုရင် MyWorld ရဲ့ Website ဟာ အမြင်ရှင်းပြီး ရှာရလွယ်ပါတယ်။ ကိုယ်ရှာမယ့် လုပ်ငန်းနယ်ပယ် ဒါမှမဟုတ် ရာထူးနဲ့ ဆိုင်တဲ့ Keyword ကို Search Box မှာ ရှာရုံပါပဲ။

MyWorld Website Home Page

အားသာချက်လို့ပဲ ပြောရမယ့် MyWorld ရဲ့ ထူးခြားချက်ကတော့ လစာမြင့်တဲ့ အလုပ်အကိုင်တွေပဲ ရှာတွေ့နိုင်တဲ့ အချက်ပါပဲ၊ အောက်ထစ် လစာ ၈ သိန်းလောက်က စတဲ့ အလုပ်တွေကို ရှာတွေ့နိုင်ပါတယ်။ ပြောချင်တာက ခင်ဗျားက တကယ်လို့ အခုမှ ကျောင်းပြီးပြီး လုပ်ငန်းခွင်ဝင်မယ့် Junior Level ဆိုရင် MyWorld မှာ အလုပ်ရှာတာက ကိုယ့်အတွေ့အကြုံနဲ့ ဟနေပြီး အဆင်မပြေနိုင်ဘူး ဆိုတာပါပဲ။ MyWorld နဲ့ တကယ်ကိုက်တာက Executive ရာထူးတွေ၊ အဲ့ဒီနောက်ပိုင်း Manager နဲ့ Head of Department လို ရာထူးမျိုးတွေ ရှာဖွေနေတဲ့သူတွေ ဖြစ်ပါတယ်။

MyWorldCareer LinkedIn

အလုပ်လျှောက်ပုံအဆင့်ဆင့်ကို အကျဉ်းချုံး ပြောရရင်တော့ Account မရှိသေးရင် Register လုပ်ပါ။ ပြီးရင် သူတို့ ဖြည့်ခိုင်းတဲ့ အချက်အလက်ကို ပြည့်ပြည့်စုံစုံဖြည့်ပေးပါ။ အခုနောက်ပိုင်း အလုပ်ရှာဖွေရေး Website တွေဟာ သူတို့ဆီမှာ အချက်အလက်တွေ ဖြည့်ရုံနဲ့ အတော်အသင့်ပြည့်စုံတဲ့ CV တစ်စောင် ဖန်တီးပေးပါတယ်။ အဲဒီ CV နဲ့ ကိုယ်လိုချင်တဲ့ အလုပ်အကိုင်ကို ရှာပြီး Apply လုပ် လျှောက်ရုံပါပဲ။

MyWorld Careers Facebook Page

JobNet.com.mm

User တစ်ယောက်အနေနဲ့ နောက်ထပ် ညွှန်းပေးချင်တဲ့ အလုပ်အကိုင်ရှာဖွေရေး Website ကတော့ Jobnet.com.mm ဖြစ်ပါတယ်။ ဘာလို့ ညွန်းပေးချင်လဲဆိုရင် အဲဒီ Website မှာ အလုပ်အကိုင်စုံပြီး သူ့နယ်ပယ်နဲ့သူ Filter တွေ စုံလို့ပါပဲ။

Jobnet.com.mm Website

Filter တွေမှာ Industry တွေ၊ Exp level တွေ၊ လိုချင်တဲ့ Minimum Salary နဲ့ Repat\Expat စတာတွေ ရွေးလို့ ရတဲ့အတွက် အလုပ်အတွေ့အကြုံမရှိသေးသူတွေရော၊ အလုပ်အတွေ့အကြုံရှိပြီး လစာကောင်းကောင်းလိုချင်တဲ့သူတွေ အတွက်ရော အဆင်ပြေပါတယ်။

Jobnet Myanmar Facebook Page

JobNet လည်း MyWorld လိုပါပဲ Facebook Page ရှိသလို LinkedIn မှာလည်း ရှိနေပါတယ်။ Register လုပ်ပုံကလည်း ရိုးရှင်းပြီး CV ပါ တစ်ပါတည်းဆောက်လို့ ရမှာ ဖြစ်ပါတယ်။

Jobnet Linkedin

Myjobs.com.mm

“The best place to find a job” လို့ ဆိုထားတဲ့ myjobs.com.mm ကတော့ Google Search Engine မှာ Myanmar Jobs ၊ Myanmar Job Search Engines စတဲ့ စကားလုံးတွေနဲ့ ရှာရင် ထိပ်ဆုံးက ကျလာတတ်လို့ လူသုံးလည်း များပါတယ်။ Website ရဲ့ Home Page မှာပဲ သက်ဆိုင်ရာ အလုပ်နယ်ပယ်တစ်ခုစီက ခေါ်တဲ့ အလုပ်တွေကို စာရင်း လုပ်ပေးထားသလို ထိပ်တန်းကုမ္ဗဏီကြီးတွေက အလုပ်အကိုင်တွေကိုလည်း Home Page မှာပဲ ဖော်ပြထားပါတယ်။ Search Bar ကနေ လိုချင်တဲ့ အလုပ်အကိုင်တွေကို ရှာရင် လွယ်ကူတာကိုလည်း တွေ့ရပါတယ်။

myjobs.com.mm website

Facebook ကနေပဲ အလုပ်ရှာတတ်တဲ့သူတွေအတွက် Facebook Page ရှိသလို

myjobs.com.mm Facebook

LinkedIn မှာလည်း MyJobs Myanmar ဆိုပြီး ရှိတဲ့အတွက် LinkedIn သုံးရင်း အလုပ်ပါလျှောက်လို့ ရမှာပါ။ Register လုပ်ပုံလွယ်ကူပြီး CV ရှိပြီးသား ဖြစ်ရင်လည်း Attach တွဲပြီး တင်လို့ ရပါတယ်။

Myjobs Myanmar LinkedIn

MyanmarJobsDB

MyanmarJobsDB ရဲ့ ကောင်းကွက်ကတော့ အလုပ်ရှာနေတဲ့သူတွေအတွက်တင်မဟုတ်ဘဲ အလုပ်ရှင်တွေအတွက်လည်း လိုအပ်တဲ့ နေရာတွေအတွက် လူခေါ်ဖို့ နေရာကောင်းတစ်ခု ဖြစ်နေတဲ့အချက်ပါပဲ။ www.myanmarjobsdb.com Website မှာ Job Categories တွေ ခွဲပြီး ခေါ်ထားသလို စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေက Location နဲ့ ရှာနိုင်တာနဲ့ Contract ၊ Fulltime၊ Freelance၊ Part-Time နဲ့ Temporary ဆိုပြီး Filter လေးပါတဲ့အတွက် Part-Time နဲ့ Freelance အလုပ်တွေကိုပါ ရှာတွေ့နိုင်မှာပါ။ အဲ့ဒါအပြင် ညာဘက်မှာလည်း Job Salary၊ Job Type ၊ Job Category နဲ့ Date Posted စတဲ့ Filter တွေလည်း ပါသေးတဲ့အတွက် လစာအနည်းအများနဲ့လည်း ရှာလို့ ရသလို Date Posted ပါတဲ့အတွက် လောလောလတ်လတ် တင်ထားတဲ့ အလုပ်တွေကိုလည်း ရှာတွေ့နိုင်ပါတယ်။ Facebook Page နဲ့ LinkedIn တွေ ရှိပေမယ့်လည်း Update မဖြစ်တာကြာနေတဲ့အတွက် Websites ပဲ အားကိုးရမှာပါ။

myanmarjobsdb website

Jobsinyangon.com

Jobsinyangon.com ကိုတော့ Google မှာ ရှာနိုင်သလို jobsinyangon.com/app ဆိုပြီးလည်း ရှာနိုင်ပါတယ်။ Website ရဲ့ Home Page မှာ Job Category နဲ့ Job Location စတာတွေနဲ့ ရှာလို့ ရသလို Create your CV ဆိုတာလည်း ထင်ထင်ရှားရှားပါတဲ့အတွက် Register လုပ်ရင်း CV ပါ တည်ဆောက်လို့ ရပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီနေ့ အလုပ်ဘယ်နှစ်ခု ရှိတယ် New Jobs Today နဲ့ Company Hiring Today စတဲ့ အချက်လေးတွေ ပြပေးထားတာ ဖြစ်ပါတယ်။

jobs in Yangon Website

Facebook မှာလည်း Jobsinyangon.com ဆိုတဲ့ Facebook Page ရှိပြီး အလုပ်အကိုင်တွေ တင်ပေးနေပါတယ်။ LinkedIn မှာလည်း Jobsinyangon ဆိုတဲ့နာမည်နဲ့ရှိပြီး Active ဖြစ်တဲ့အတွက် အလုပ်တွေ တင်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

Jobs in Yangon Facebook online job search engines

 

ဒီလောက်ဆိုရင် အွန်လိုင်းကနေပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း Website တွေမှာ အလုပ်ရှာဖို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အထောက်အကူပြုလောက်ပြီ ထင်ပါတယ်။ စာဖတ်ပရိသတ်တွေထဲမှာရော အလုပ်ရှာရင် ဘယ် Website ဒါမှမဟုတ် ဘယ် Facebook Page တွေကနေ အလုပ်ရှာဖြစ်သလဲ၊ ဘယ် Page တွေကို ပထမဦးစားပေးအနေနဲ့ ကြည့်သလဲဆိုတာလေး ပြောပြခဲ့ပါဦး။

Sam

www.internetinmyanmar.com

Share:

Sam

I am a passionate writer with two and half years experience in this social media industry, writing for various online pages and a famous online media. For the past year I have been working as a content writer, gaining experience writing in different styles on topics such as lifestyle articles, entertainment news, events, food and restaurant reviews and Travel Reviews

ပြန်စာထားခဲ့ပါ။