လူမှုကွန်ရက်ထဲမှာ နေထိုင်ပြီဆိုတာနဲ့ အင်တာနက်နှင့် ကင်းလို့မရတော့ပါဘူး။ ဒါ့အပြင် အင်တာနက်သုံးစွဲသူတွေဟာလည်း တနေ့ထက် တနေ့ပိုပိုများပြားလာပါသေးတယ်ခင်ဗျာ။ ၂၀၁၈ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံမှာဆိုရင် အင်တာနက်သုံးစွဲသူပေါင်း ၁၈ သန်းအထိဖြစ်လာခဲ့ပါတယ်။
အဲ့လိုသုံးစွဲသူတွေတိုးလာနဲ့အတူ မြန်မာနိုင်ငံမှာနေထိုင်သူတွေရဲ့ လူမှုနေထိုင်မှုတွေကလည်း တိုးတတ်ပြောင်းလဲလာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲ့ဒီဝန်ဆောင်မှုတွေ က အထူးအဆန်းတော့လည်းမဟုတ်ပါဘူး။ အဲ့ဒီထဲက တစ်ချို့ဝန်ဆောင်မှုတွေက ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုဆီကနေပါဝင်နေပြီး ကျွန်တော်အခုပြောပြမဲ့ နည်းပညာကုမ္ပဏီတွေကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အသုံးပြုလာခဲ့ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ ကျွန်တော်တို့တောင် သတိမထားမိပဲ ပါဝင်လာခဲ့တဲ့ ကုမ္ပဏီိတွေအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ…
ကျွန်တော်တိုမြန်မာနိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝတွေမှာ ပါဝင်လာတဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှု ၇ ခု
Netflix
ပထမဦးဆုံး ကမ္ဘာကျော် Netflix အကြောင်းကနေစချင်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၃၀ ကို ဇန်နဝါရီလ ၂၀၁၆ ခုနှစ်ကနေစပြီးတော့ တိုးချဲ့ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။
လုပ်ငန်းလိုင်စင်ကန့်သတ်ချက်ကြောင့် ရုပ်ရှင်ကားတွေနဲ့ တီဗွီအစီစဉ်တွေကြည့်မယ်ဆိုရင်တော့ နိုင်ငံအလိုက်ကွဲပြားမှုရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံအတွက်ကိုတော့ ဒီမှာကြည့်လို့ရပါတယ် ခင်ဗျာ။
Finder.com မှာရှာကြည့်လိုက်ရင်တော့ လက်ရှိမြန်မာနိုင်ငံမှာ တီဗွီရှိုးပေါင်း ၂၀၀ ကျော် နှင့် ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀၀ ကျော် ကြည့်ရှုလို့ရနေပြီဖြစ်ပြီး အမေရိကန်မှာတော့ တီဗွီရှိုးပေါင်း ၁၀၀၀ ကျော်နှင့် ရုပ်ရှင်ကားပေါင်း ၄၅၀၀ ကျော်ထိကြည့်ရှုလို့ရနေတာကိုတွေ့ရမှာပါ။
Wave Money
Wave Money ကိုတော့ ၂၀၁၆ ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာတယ်လီနော နဲ့ ရိုးမဘဏ်တို့က ဖက်စပ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ လက်ရှိ အသုံးပြုသူပေါင်း ၁.၃ သန်းကျော်ရှိပြီး မြန်မာနိုင်ငံအနှံ့ဆိုင်ခွဲပေါင်း ၂၅၀၀၀ ကျော်အထိရှိနေပြီပဲဖြစ်ပါတယ်။
ဘဏ်မရှိမြို့နယ်တော်တော်များများမှာ ဖုန်းနံပါတ်လေးတစ်ခုရှိရုံနဲ့ ငွေလွှဲလို့ရတဲ့ wave money ကိုတွင်တွင်ကျယ် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့နှစ်သတင်းတွေအရ တစ်နှစ်ထက်တစ်နှစ် အမြတ်အစွန်းတွေ ပိုပိုတိုးလာတယ်လို့လည်းသိရပါတယ်ခင်ဗျ ။
wave money ရဲ့ ပြိုင်ဖက်တွေအနေနဲ့ wave money အပြင် True Money နှင့် Ooredoo ရဲ့ M- Pitesan တို့အပါဝင် မိုဘိုင်းလ်ဖုန်းထဲကနေ ငွေလွှဲလို့ရတဲ့ ဝန်ဆောင်မှုတွေအဖြစ် လက်ရှိ အသုံးပြုနေကြတယ်လို့လည်း သိရပါတယ်ခင်ဗျာ။
Iflix
နောက်တစ်ခုအနေနဲ့ Asian Netflix လို့တင်စားခေါ်ကြတဲ့ Iflix အကြောင်းဖြစ်ပါတယ်။ Iflix အနေနဲ့ ဗီဒီယိုရုပ်ရှင်ကားတွေကို ကြည့်ရှုသူအများကိုစွဲဆောင်ထားတဲ့ မလေးရှားကုမ္ပဏီတစ်ခု လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၇ မတ်လမှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး လက်ရှိနိုင်ငံပေါင်း ၂၈ နိုင်ငံမှာသုံးစွဲနေတာတော့ကြာပါပြီ။
ဈေးကွက်ဖြန့်ချိတဲ့နေရာမှာ အင်အားစိုက်မှုကောင်းတာကြောင့် မြန်မာနိုင်ငံမှာတော့ ထင်ထားတာထက်ပိုပြီး နေရာရလာခဲ့ပါတယ် ။
Iflix အနေနဲ့ ဆက်သွယ်ရေးအော်ပရေတာ MPT , Telenor နှင့် Ooredoo တို့ဖြင့်လည်း ပါတနာအဖြင့် လုပ်ကိုင်နေတာပဲဖြစ်ပါတယ် ။ တယ်လီနောကတော့ Broadband plan ဝယ်တဲ့ customer တွေကို အပိုကြေးပေးစရာမလိုဘဲ Iflix unlimited access ပေးလေ့ရှိပါတယ်။ နောက်တစ်ခုအားသာချက်ကတော့ မြန်မာနိုင်ငံရဲ့ Retail လောကဆရာတစ်ဆူဖြစ်တဲ့ City Mart ဆိုင်ခွဲတွေမှာပါ Iflix အတွက်ငွေပေးချေလို့ရတာပါပဲ။
အဲ့ဒါအပြင် တခြားနည်းလမ်းအနေနဲ့ KBZ Pay ၊ Visa Card Master Card တို့ အပြင် G&G မှာ ငွေပေးချေလို့ရအောင် လုပ်ဆောင်ထားတာကိုလည်း တွေ့ရပါသေးတယ်ခင်ဗျာ။
Grab
Grad Taxi ကတော့ စင်္ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်ပြီး အာရှတွင်း နိုင်ငံတွေဖြစ်တဲ့ မလေးရှား ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ ဗီယမ်နမ် ၊ ထိုင်း ၊ ကမ္ဘောဒီးယား တို့မှာရှိနေပြီး မြန်မာနိုင်ငံမှာတော့ ၂၀၁၇ မတ်လကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။ စတင်ဝင်ရောက်လာစမှာတော့ Grab နဲ့အပြိုင်ဆိုင်ကုမ္ပဏီတွေရှိခဲ့ပေမယ့် ၂၀၁၈ ဧပြီလလောက်ကစပြီး ဆရာတစ်ဆူဖြစ်လာပါတယ်။
ထူးခြားတဲ့ ပရိုမိုးရှင်းတွေကြောင့် ရန်ကုန်မြို့နေသူတွေ တဖြည်းဖြည်းအသုံးများလာရုံမကပဲ သုံးစွဲသူတွေရဲ့ ပြောဆိုချက်အရတော့ ဈေးနှုန်းအနည်းငယ်ကြီးပေမယ့် ပရိုမိုးရှင်းတွေကြောင့် အဆင်ပြေတယ်လို့ တော့ သိရပါတယ်။
ဝန်ဆောင်မှုအသစ်များနှင့် Grab
၂၀၁၈ ခုနှစ် ဖေော်ဝါရီလကနေစပြီး ကုမ္ပဏီများအတွက် Grab Corporate ဝန်ဆောင်မှုကို စတင်ခဲ့ပါတယ်။ အဲ့ဒါအပြင် မန္တလေးမှာလည်း မေလ ၂၀၁၈ မှာစပြီး မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Grab Pay Service နှင့် Grab Share Service တို့ကိုမိတ်ဆက်ခဲ့ပါတယ်။
Youtube
Youtuber အကြောင်းကိုတော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုဘူးလို့ထင်ပါတယ်ခင်ဗျာ။ ရုပ်ရှင်ဇာတ်ကားတွေ သီချင်းတွေကို ကြည့်လို့ရတဲ့ လူကြိုက်များတဲ့ ၁၄နှစ်သက်တမ်းရှိဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ် ။
၂၀၁၈ ခုနှစ် Netflix ဖြင့်ပူပေါင်းပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့ အင်တာနက်သုံးစွဲသူတွေရဲ့ ၄ ပုံ ၁ ပုံကို စွဲဆောင်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ အကြည့်အများဆုံး လိုင်းတွေကတော့ DVB TV News, Eleven Broadcasting and 7 days TVတို့ဖြစ်ပြီးတော့ ကြည့်ရှုသူသန်းပေါင်း ၄၅၀ နဲ့ လည်ပတ်နေတာပဲဖြစ်ပါတယ်။
Viber
Wechat Line Whatsapp တို့နည်းတူ Viber ကလည်း ကျွန်တော်တို့နဲ့ အရမ်း စိမ်းမနေတဲ့ လူမှုကွန်ရက်သုံး app တစ်ခုပဲဖြစ်ပါတယ်။ Viber ကို Rakuten ဆိုတဲ့ဂျပန် ကုမ္ပဏီကဖန်တီးထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာ လူကြိုက်များတယ်ဆိုတာကတော့ ရှင်းပြနေစရာ မလိုတော့ပါဘူး။ တကမ္ဘာလုံးအတိုင်းတာ အနေနဲ့ သုံးစွဲသူပေါင်း ၁ ဘီလီယံ ကျော်ရှိနေပြီ ဖြစ်ပြီး မြန်မာတနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် သုံးစွဲသူ ၁၈ သန်း ထိရှိနေပါတယ်ခင်ဗျာ။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ Viber က ဘာလို့အဲ့လောက်တွင်တွင်ကျယ်ကျယ် သုံးနေကျလဲဆိုတော့ Rakuten ရဲ့ Head of Business Development ဖြစ်တဲ့ Anubhav Nayyar ရဲ့ “glocalize” ဆိုတဲ့ စကားကိုပဲ ပြန်ပြောရမှာဖြစ်ပါတယ်။
Anubhav ရဲ့ ပြောကြားချက်အရ Viber အနေနဲ့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတော်တော်များများ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများ နှင့် သာမက တယ်လီကွန်းကုမ္ပဏီများ သတင်းမီဒီယာများလည်း ပူပေါင်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်ခင်ဗျာ။
အဲ့ဒါအပြင် မြန်မာနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်များနှင့်လည်း ကြော်ငြာခဲ့ပါသေးတယ်။ ထူးခြားချက်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ စကားလုံးတွေကို sticker အနေနဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။
နောက်ဆုံးအနေနဲ့ ကမ္ဘာ့နာမည်ကြီး လူမှုကွန်ရက် Facebook အကြောင်းပြောချင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ မပါမဖြစ်ဖြစ်လာတဲ့ ဒီဂျစ်တယ်နည်းပညာတစ်ခုလို့ပဲ ဆိုရမှာပါ။ တစ်လတစ်လ အသုံးပြုသူ ၂.၂၃ ဘီလီယံအထိရှိနေပြီး မြန်မာနိုင်ငံတွင်း သုံးစွဲသူ ၂၄ သန်းကျော်ထိရှိနေပါတယ်။ Facebook ရဲ့ Function အမျိုးမျိုးကြောင့်အပြောင်းလဲများစွာ ဖြစ်ပေါ်ခဲ့ရုံမျှမက လူတော်တော်များများရဲ့ဘဝမှာလည်း မပါမဖြစ်ဖြစ်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်ကစပြီး မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူတိုင်း Facebook သုံးတဲ့သူပဲဖြစ်နေသလားလို့တောင် မိုဘိုင်းလ်အင်တာနက် သုံးစွဲသူဈေးကွက်မှာ အငြင်းပွားစရာတစ်ခုဖြစ်လာပါတယ် ။ မိုဘိုင်းလ်အင်တာနက်သုံးစွဲသူတွေဟာ သူတို့အင်တာနက်သုံးနေတယ်လို့မတွေးမိတော့ပဲ Facebook Youtube ဒါမှမဟုတ် Viber သုံးနေတယ်လို့ တွေးမိတဲ့အထိ လူမှုကွန်ရက်တွေရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်လာခဲ့ပါတယ်။ ခုနောက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့နေရာတစ်ခုမှာ ပါဝင်လာပါတယ် ။ ဥပမာ တစ်ချို့ကုမ္ပဏီတွေဆိုရင် ကုမ္ပဏီရဲ့ ကိုယ်ပိုင်ဝက်ဆိုက်ထက် Facebook Page တွေဖန်တီးဖို့ကိုပိုပြီး အာရုံစိုက်လာကြပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ အင်တာနက်ရဲ့ မျက်နှာစာအဖြစ်မြင်တွေ့နေရတဲ့ Facebook ရဲ့ တနေ့ထက်တခြား ပိုပိုတိုးလာတဲ့ဝန်ဆောင်မှုတွေကြောင့် အင်တာနက်အသုံးပြုသူတွေရဲ့ အင်တာနက်အသုံးစရိတ်တွေကလည်း အရင်ကထက်ပိုကုန်လာပါတယ်။ သို့ပေမယ့်လည်း အင်တာနက်က ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေး နေ့စဉ်အထောက်အပံ့ အဖြစ်သာကမ အစားအသောက်မှာတဲ့နေရာ ဒါမှမဟုတ် အလုပ်ရှာတဲ့ နေရာတွေမှာပါ မရှိမဖြစ်ပါလာပါတယ်။
အဲ့ဒါတွေအပြင် မိုဘိုင်းဖုန်းတွေကလည်း ဒီဂျစ်တယ်ဝန်ဆောင်မှုတွေ များပြားလာစေတဲ့ အဓိကအချက်ဖြစ်လာနေပါပြီခင်ဗျာ။ နောက်ဆိုရင်တော့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေများပြားလာမှာဖြစ်ပြီး အသစ်အသစ်သော ဒီဂျစ်တယ် ဝန်ဆောင်မှုတွေ အင်တာနက်သုံးပစ္စည်းတွေလည်း တိုးပွားလာမှာ အမှန်ပဲဖြစ်ပါတယ်။
word
In https://www.mmtimes.com/news/myanmars-digital-game-changers.html – you mentioned that there were 18 million of Facebook users in Myanmar. But in this article in Myanmar version, there’re 24 million of Facebook users. Which on is correct?
Hi Ying,
Actually the article you mentioned was written by me 🙂
It is quite hard to define the exact number of Facebook users in Myanmar and the results may vary from a source to another.The latest report from We Are Social announces 21 million Facebook users. The truth is probably between all these numbers…
Nice article but to be honest it’s a bit weird to read the redundant ‘Khin Byar’ words at the end of sentences.